 
							 ထိုင်းနိုင်ငံမှာ ITနှင့် နည်းပညာ ဘာသာရပ်တွေကို Undergraduate နဲ့ကျောင်းတက်မယ်ဆိုရင်
								ဘယ်တက္ကသိုလ်တွေ ရှိလဲ၊ ဘယ်လိုစကောလားရှစ်တွေ ရှိလဲ၊ ဘာတွေလိုအပ်လဲ
								ကုန်ကျစရိတ်ဘယ်လောက်ထိရှိနိုင်မလဲ?
								
								ဒီတစ်ခေါက်မှာ IT ဘာသာရပ်ကို Undergraduate ကို ထိုင်းနိုင်ငံ၊ တက္ကသိုလ်မှာတက်မယ် ဆိုရင်
								ဘယ်တက္ကသိုလ်တွေမှာတက်လို့ရနိုင်လဲ? ဘယ်လောက်ကုန်ကျနိုင်မလဲ? ဘာတွေလိုအပ်မလဲ?
								ဘယ်လိုမျိုးScholarship programတွေရှိလဲ ဆိုတာကိုပြောပြပေးမှာပါ။
								
								ပထမဆုံးအနေနဲ့ ထိုင်နိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်တဲ့ Mahidol Universityရဲ့
								Bachelor of Science in Information and Technology programပါ။ ဒီProgramမှာ
								ဆိုရင်ပညာသင်နှစ်လေးနှစ်တာ ကာလကြာမြင့်မှာဖြစ်ပြီးတော့ တစ်နှစ်ကိုပျှမ်းမျှ
								ဒေါ်လာ၇၀၀၀ကျော်ကုန်ကျမှာဖြစ်ပြီး ဒီProgramကိုလျှောက်ဖို့ဆိုရင်တော့ University
								ဒုတိယနှစ်ပြီးဆုံးထားရမှာဖြစ်ပြီးတော့ (သို့မဟုတ်) GED အောင်လတ်မှတ်ရှိရမှာပဲဖြစ်ပါတယ်။
								တစ်ခြား English proficiency test scoreအနေနဲ့ (TOEFL 79 iBT/IELTS overall
								6.0အထက်ရှိရမှာပဲဖြစ်ပါတယ် ။ အဲ့ဟာတွေမရှိရင်ကျောင်းကဖြေဆိုခိုင်းတဲ့ CUTEP
								80အထက်ရှိကမှာဖြစ်ပါတယ်။
								
								ဒုတိယတစ်ခုအနေနဲ့ ထိုင်းနိုင်ငံ ရဲ့ ထိပ်တန်းအဆင့် Public တက္ကသိုလ်တစ်ခုဖြစ်တဲ့ Mae Fah
								Laung University မှာတက်ရောက်လို့ရမဲ့ Bachelor of sciences programme in communication and
								Technology programပါ။ ဒီProgramမှာတော့ Bachelor of science programme in digital
								technology for business innovation programနဲ့ Bachelor of science programme in
								multimedia and animation programတ်ို့ကိုတက်ရောက်နိုင်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ကတော့
								တစ်နှစ်ကို ပျှမ်းမျှဒေါ်လာ၂၀၀၀ကျော်ရှိပြီး လေးနှစ်တက်ရောက်ရမှာဖြစ်ပါတယ်။ English
								proficiency test scoreအနေနဲ့ IELTS 5.00အထက် TOEFL paper based 500အထက်ရှိရမှာဖြစ်ပြီးတော့
								SAT reading and writing part 450အထက်ရှိနေရမှာဖြစ်ပါတယ်။
								
								တစ်ခြားနာမည်ကြီးUniversity များဖြစ်ကြတဲ့ Mahasara Kham University နှင့် Rangsit
								Universityတိုမှာတက်ရောက်နိုင်မဲ့ Bachelor of science in information and technology
								programတွေလည်းရှိပါသေးတယ်။ ကုန်ကျစရိတ်အနေနဲ့ကတော့ တစ်နှစ်ကိုပျှမ်းမျဒေါ်လာ ၁၀၀၀ကနေ
								၃၀၀၀ကျော်ထိရှိပါတယ် ။
								
								Child's Dream လို Scholarship program တွေလည်းရှိပြီးတော့ Deadlineအနေနဲ့ 28 February,
								2022ထိဖြစ်ပါတယ်။ Scholar လျှောက်ဖို့ ဆိုရင် အဓိကလိုအပ်ချက်ကတော့ Academic transcript and
								certificate and GED certificate, English proficiency Test score တို့အဓိကလိုအပ်ပါတယ်။
								
								Written by : Htet Wai Lin (Elevate Education) 
								Please also join “Study in Thailand for Myanmar Students” 
 
								Facebook Group 
								
								အခြား ဘာသာရပ်နဲ့ သင်ယူနိုင်မယ့် ထိုင်းနိုင်ငံတက္ကသိုလ်တွေ သိရှိနိုင်ဖို့ Elevate
								Education
								Facebook page ကို follow လုပ်ထားနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ဖို့အတွက်လဲ EDUSN
								Global က လက်ရှိမှာ အခမဲ့ လက်ခံဆောင်ရွက်ပေးနေပါတယ်။ Please feel free to contact
								
								Elevate Education via
								Email : connect@edusnglobal.com 
								Line : +66832175921
								Whatsapp : +66832175921
								Viber : +66832175921
								Telegram : +66832175921 
							
 
										 
										 
										 
										 
										 
										 
										 
										Education Consultant နှင့် အချိန်အောက်တွင် Book လုပ်ပေးပါ