 
                            ဘွဲ့လွန်ကျောင်းသားတွေအတွက် နှစ်စဥ်နှစ်တိုင်းကမ္ဘာအဝှမ်းကနာမည်ကြီး တက္ကသိုလ်တွေမှာ
                                ပညာအခွင့်အလမ်းတွေယူနိုင်ဖို့ကမ်းလှမ်းပေးနေကြဖြစ်တဲ့ Asian Development Bank Scholarship
                                လေးကို မိတ်ဆက်ပေးချင်ပါတယ် ခင်ဗျား။
                                
                                Asian Development Bank ဆိုတာကတော့ 1966 မှာစတင်တည်ထောင်ခဲ့ပြီးတော့ အာရှတစ်ဝှမ်းက
                                ဆင်းရဲမှုလျှော့ချရေးနဲ့ စီးပွားရေးဆိုင်ရာတိုးတက်မှုတွေလုပ်ဆောင်ဖို့အတွက်
                                ဖွံဖြိုးဆဲနိုင်ငံတွေက ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားတွေအတွက် Japan, Hong Kong,
                                Philippines, New Zealand, China, India, Pakistan, Singapore, Thailand, USA
                                စတဲ့နိုင်ငံတွေက နာမည်ကြီးတက္ကသိုလ်တွေမှာ တက်ရောက်နိုင်ဖို့ နှစ်စဥ် Fully-funded
                                Scholarship တွေကိုကမ်းလှမ်းပေးနေတာပဲဖြစ်ပါတယ်။
                                
                                ဒီတစ်ခေါက်မှာတော့ Postgraduate Students တွေအတွက်ထိုင်းနိုင်ငံရဲ့ ကျောင်းတွေမှာ
                                တက်ရောက်လို့ရမဲ့ Scholarship အခွင့်အလမ်းလေးကိုပြောပြ မှာပဲဖြစ်ပါတယ်။
                                
 
                                ADB Scholarship နဲ့ ဘယ်လိုဘာသာရပ်တွေကိုတက်ရောက်နိုင်မလဲ ?
                                
                                အဓိကအားဖြင့် ADB Scholarship နဲ့လက်ခံတဲ့ထိုင်းနိုင်ငံရဲ့ကျောင်းတွေမှာ Major
                                နယ်ပယ်တွေအဖြစ် -
                                
                                Master of Sciences or Engineering in school of Engineering and Technology
                                
                                School of Environment, Resources and Development (SERD)
                                
                                Interdisciplinary courses among school
                                
                                School of Management(SOM)
                                
                                Master in engineering
                                
                                Master in economics
                                
                                တက်ရောက်နိုင်မဲ့ ကျောင်းတွေကတော့ Asia Institute Of Technology and Thammasat University
                                တို့ပဲဖြစ်ပါတယ်။
                                
                                သက်ဆိုင်ရာကျောင်းတစ်ခုချင်းစီတိုင်းမှာ နယ်ပယ်တစ်ခုချင်းစီရဲ့ Major အခွဲတွေရှိပါသေးတယ်။
                                
                                Benefits of ADB Scholarship 
                                =====
                                
                                Full tuition fees
                                
                                Traveling Allowances
                                
                                Monthly subsistence allowances
                                
                                Housing allowance
                                
                                Books and other study material allowance
                                
                                Medical Insurance
                                
                                Special research grant for research scholars
                                
                                Computer literacy, preparatory language and other similar courses can also be covered
                                
                                Eligibility Criteria of Scholarship တွေကတော့ -
                                
                                ADB Supported List ထဲမှာပါတဲ့ နိုင်ငံသားဖြစ်ရပါမယ်
                                ဖွံဖြိုးပြီးသားနိုင်ငံက နိုင်ငံသားမဖြစ်ရပါဘူး
                                Dual Citizenship ကိုင်ဆောင်ထားတဲ့သူမဖြစ်ရပါဘူး
                                ကျန်းမာရေးကောင်းမွန်ရပါမယ်
                                Bachelor Degree ကိုင်ဆောင်ထားသူဖြစ်ရပါမယ်
                                ဘွဲ့ရပြီးတဲ့အချိန်ကစပြီး အနည်းဆုံးအလုပ်အတွေ့အကြုံ (၂) နှစ်ရှိထားသူဖြစ်ရပါမယ်
                                အသက် (၃၅) နှစ်အောက်ရှိတဲ့သူဖြစ်ရပါမယ်
                                ABD နဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းမှာအလုပ်လုပ်နေတဲ့ဖြစ်လို့မရပါဘူး
                                ADB-JSP နဲ့သက်ဆိုင်တဲ့ Institution တွေမှာအလုပ်လုပ်နေတဲ့သူလည်းမဖြစ်ရပါဘူး
                                Graduate Program တွေမှာတက်ရောက်နေဆဲဖြစ်လို့မရပါဘူး
                                
                                ဘယ်လိုလျှောက်ထားရမလဲ ?
                                
                                ကိုယ်တက်ရောက်မယ့် University ကိုအရင်ဆုံးရှာဖွေဆုံးဖြတ်ပြီးတော့ သက်ဆိုင်ရာကျောင်းရဲ့
                                Application Form ကိုယူပြီး၊ Personal details, Academic record, Professional history နဲ့
                                ယခင်အလုပ်ရဲ့ References တွေကိုပူးတွဲပြီးတော့ ပြည့်ပြည့်စုံစုံဖြည့်ပေးရပါမယ်။
                                
                                နောက်ပြီး ကိုယ်ယူလိုက်တဲ့ ဘာသာရပ်ကို ဘာကြောင့်ယူရခြင်းဖြစ်လဲဆိုတာကိုလည်း
                                ထည့်ရေးပေးရပါမယ်။ နောက်ဆုံးအနေနဲ့ ဒီဘာသာရပ်နဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့ Interest
                                တွေကိုလည်းပူးတွဲဖော်ပြပြီးတော့ သက်ဆိုင်ရာကျောင်းရဲ့ Application Portal
                                ကနေတစ်ဆင့်လျှောက်ထားနိုင်ပါတယ် ။
                                
                                Application Deadline : On going
                                အသေးစိတ် သိချင်တယ်ဆိုရင်တော့ ယခုlink မှတစ်ဆင့်၀င်
                                ရောက်ကြည့်ရူနိုင်ပါတယ်။
                                Written by : Htet Wai Lin (Elevate Education)
                                
                                Please also join “Study in Thailand for Myanmar Students” 
 
                                Facebook Group 
                                
                                အခြား ဘာသာရပ်နဲ့ သင်ယူနိုင်မယ့် ထိုင်းနိုင်ငံတက္ကသိုလ်တွေ သိရှိနိုင်ဖို့ Elevate
                                Education
                                Facebook page ကို follow လုပ်ထားနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ဖို့အတွက်လဲ
                                ဆွေးနွေးတိုင်ပင်ခြင်း၊ ကျောင်းလျှောက်ထားခြင်းများကို Elevate Education
                                မှလက်ခံဆောင်ရွက်ပေးနေပါတယ်။
                                
                                မေးမြန်းစုံစမ်းစရာများ ရှိပါက messenger သို့မဟုတ်
                                ဖုန်းနံပါတ် − 09942994999 
                                အီးမေးလ် − connect@edusnglobal.com 
                                Viber - 09942994999 
                                Telegram - 09942994999 
                                သို့ အချိန်မရွေး ဆက်သွယ်မေးမြန်နိုင်ပါတယ်။
                            
Education Consultant နှင့် အချိန်အောက်တွင် Book လုပ်ပေးပါ