 
                            ထိုင်းနိုင်ငံမှာ ဘွဲ့ကြိုသင်တန်း တက်ရောက်နိုင်မယ့် Child's Dream Scholarship
                                
                                ထိုင်းနိုင်ငံရဲ့ နာမည်ကြီး universityတွေမှာ ပညာသင်ကြားလိုသူတွေအတွက် Child's Dream
                                Scholarship က အရေးကြီးတဲ့ အခွင့်အရေးတစ်ခုပါဘဲ။ Child's Dream Organization ဟ
                                မြန်မာနိုင်ငံကလူငယ်တွေ အဆင့်မြင့် ပညာရေးကို ဆက်လက်သင်ကြားနိုင်ဖို့ Undergraduate Degree
                                အတွက် 100% Fully funded ထောက်ပံ့ပေးပါတယ်။ Child's Dream Scholarship ရဲ့ ရည်ရွယ်ချက်ကတော့
                                နိုင်ငံခြားမှာပညာတော်သင်ပြီးတတ်မြောက်လာတဲ့ပညာရပ်တွေကို မိမိနိုင်ငံ
                                ဖွံဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်လိုတဲ့လူတွေအတွက် ရွေးချယ်ပေးအပ်တဲ့ Need-based program
                                တစ်ခုဖြစ်ပါတယ်။
                                
                                Child's Dream Scholarship ဟာ ငွေကြေးပိုင်းသာထောက်ပံ့ပေးမှာဖြစ်ပြီး
                                ကျောင်းဝင်ခွင့်ရရှိဖို့ကိုတော့ မိမိကိုယ်တိုင်လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ ဆိုလိုတာက
                                ကျောင်းဝင်ခွင့်ရပြီးမှ လျှောက်လို့ရမယ့် Scholarhship တစ်ခုပါ။
                                
                                တက်ရောက်နိုင်မဲ့ University တွေနဲ့ ဘာသာရပ်တွေကတော့
                                
                                Asia-Pacific International University – Education in Teaching
                                Bangkok University – Communication strategy and Ideation
                                Bangkok University – Innovative Media Production
                                Chiang Mai University – Social Science
                                Chiang Mai University – Economics
                                Chiang Mai University – Environmental Science
                                King Mongkut – Software Engineering
                                Mae Fah Luang University – Public Health
                                Mae Fah Luang University – Environmental Health
                                Mahidol University – Environmental Science
                                Rangsit University – International Relations and Development
                                Thammasat University – Civil Engineering
                                Thammasat University – Mechanical Engineering
                                Thammasat University – Social Policy and Development
                                Thammasat University – Global Studies and Social Entrepreneurship
                                
                                အစရှိတဲ့ဘာသာရပ်တွေကိုလျှောက်ထားနိုင်ပါတယ်။
                                
                                Scholarship အတွက်ခံစားခွင့်တွေကတော့
                                
                                Tuition Fees
                                Rental Expense, Food, Transportation Fees
                                Uniform fees, Lab fees, books and etc
                                Health insurance and other fees
                                Visa Fees, Passport Fees, Air Ticket Fees
                                
                                Eligible Criteria အနေနဲ့ကတော့
                                
                                လျှောက်ထားမည့်သူဟာ အသက် (၃၀)အောက်မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
                                ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် Financial aid အမှန်တကယ်လိုအပ်နေသူဖြစ်ရပါမယ်။
                                မိမိလျှောက်မယ့် Program အပေါ်မူတည်ပြီး ဘာသာစကား English Language or Thai Language
                                ကျွမ်းကျင်ရပါမယ်။
                                တစ်ခြားမည်သည့်အဖွဲ့စည်းများမှ ငွေကြေးထောက်ပံ့မှုရရှိထားသူမဖြစ်ရပါဘူး။
                                UNHCR မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေမဖြစ်ရပါဘူး။
                                
                                ဒီProgramလျှောက်ဖို့ဆို လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့
                                
                                ၆ လအတွင်းရိုက်ထားသော passport-sized ဓာတ်ပုံ
                                မှတ်ပုံတင်
                                အိမ်ထောင်စုဇယား
                                မိမိရဲ့လက်မှတ် Scan
                                Passport ( လျှောက်ထားချိန်မှာ passport မရှိသေးလဲရပါတယ်။
                                တက်ရောက်ခဲ့သောကျောင်းမှ (Academic Transcripts)
                                English Proficiency Test ( IELTS/ TOEFL,GED)
                                ( Optional)
                                Recommendation Letters ၂စောင် ( Academics and Work)
                                မိမိတက်ရောက်ထားသောသင်တန်းများမှ Certificates များ
                                Character 3000 ရှိတဲ့ Essay 3 ပုဒ်ကိုရေးသားရမှာဖြစ်ပါတယ်
                                
                                Deadlineအနေနဲ့ကတော့
                                Deadline - 28th February.
                                
                                December to February (Application form opens)
                                March (Shortlist Candidates)
                                April (Interview Process)
                                May (Selected Applicants)
                                June to August (Start to Attend Universities)
                                
                                Child's Dream Scholarship ကို လျှောက်ချင်တယ်ဆိုရင်တော့ ဒီနေရာမှ
                                    
                                တစ်ဆင့်ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။
                                
                                  အသေးစိတ်ကြည့်ရန်
                                    
                                
                                Written by : Htet Wai Lin (Elevate Education) 
                                Please also join “Study in Thailand for Myanmar Students” 
Facebook
                                    Group 
                                
                                အခြား ဘာသာရပ်နဲ့ သင်ယူနိုင်မယ့် ထိုင်းနိုင်ငံတက္ကသိုလ်တွေ သိရှိနိုင်ဖို့ Elevate
                                Education
                                Facebook page ကို follow လုပ်ထားနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ဖို့အတွက်လဲ EDUSN
                                Global က လက်ရှိမှာ အခမဲ့ လက်ခံဆောင်ရွက်ပေးနေပါတယ်။ Please feel free to contact
                                Elevate Education via
                                Email : connect@edusnglobal.com 
                                Line : +66832175921
                                Whatsapp : +66832175921
                                Viber : +66832175921
                                Telegram : +66832175921 
                            
Education Consultant နှင့် အချိန်အောက်တွင် Book လုပ်ပေးပါ