 
                            တက္ကသိုလ်တက်နေတဲ့အချိန်ဟာ ဘဝရဲ့တာထွက်အချိန်လို့ ပြောလို့ရပါတယ်။ တာထွက်ကောင်းမှ
                                ပန်းဝင်ကောင်းမှာပါ။ အထူးသဖြင့် နိုင်ငံခြားမှာ တက္ကသိုလ်တက်ကြတဲ့ကျောင်းသားတွေအနေနဲ့
                                မိဘရော မိမိပါအရာရာ ပိုအားထုတ်ရတဲ့ ပိုကြိုးစားရတဲ့
                                အခြေအနေဖြစ်တဲ့အတွက်ပိုတောင်အရေးကြီးပါတယ်။ အခုတစ်ခါ PassionRise ရဲ့ Lead Member ဖြစ်တဲ့
                                Hannah ရေးထားတဲ့ ဆောင်းပါးတိုကို နိုင်ငံခြားမှာကျောင်းတက်နေတဲ့သူရော မြန်မာနိုင်ငံမှာ
                                တက္ကသိုလ်တက်နေတဲ့သူရော တက်ဖို့ပြင်နေတဲ့သူရော စဉ်းစားစရာရဖို့ဖော်ပြပေးလိုက်ပါတယ်။
                                
                                သင့်အနေနဲ့ ကိုယ့်အနီးအနားက တက္ကသိုလ်တက်ခဲ့တဲ့ စီနီယာအကိုအမတွေဆီကနေ သူတို့
                                ကျောင်းတက်တုန်းက တက္ကသိုလ်မှာ အချိန်ကုန်ငွေကုန် တက်ခဲ့ပြီး၊ ကျောင်းပြီးတဲ့ အခါမှာ သူတို့
                                ဒါတွေမလုပ်ခဲ့လေခြင်းဆိုပြီး နောင်တ တွေနဲ့ ပြောဆိုနေကြတာ ခနခနကြားရ တွေ့ရပါလိမ့်မယ်။
                                သင့်အနေနဲ့ရော ဒီလိုခံစားနေတာတွေ နောက်တရတာတွေ ဖြစ်မလာအောင် တက္ကသိုလ်တက်ပြီဆိုတာနဲ့
                                ဘာတွေကြို လုပ်ထားရမလဲ။ ဘာတွေသိထားသင့်သလဲ။ ဘာတွေပြင်ဆင်ထားသင့်သလဲ။ 
                                🍀 ကိုယ်အလေးစားရတဲ့၊ ကိုယ့်အထူးပြုယူထားတဲ့ ဘာသာရပ်နယ်ပယ်က လူအများလေးစားရတဲ့ သူတွေကို
                                တစ်နည်းနည်းနဲ့ ဆက်သွယ်ကြည့်ပါ။ ပညာရေးအတွက်၊ ကိုယ့်အနာဂါတ်အသက်မွေးဝမ်းကြောင်းအတွက်
                                အကြံတောင်းကြည့်ပါ။ ကိုယ့်အတွက်တော့ စကားစပြောကြည့်ဖို့က သက်သောင့်သက်သာ
                                မရှိပေမယ်ကြိုးစားကြည့်သင့်ပါတယ်။ 
                                🍀အတန်းတွင်း၊ အတန်းပြင် ကိုယ်သဘောကျတဲ့သူ ကိုယ်အတွက်အားကျဖွယ် ကောင်းတဲ့ သူတွေနဲ့ မိတ်ဆွေ
                                ဖြစ်အောင်လုပ်ပါ။ ကိုယ်တိုင်ကစခေါ်၊ စမိတ်ဆက်ဖို့ လုပ်မှရမှာပါ။ သူတို့က သင့်ဆီလာချင်မှ
                                လာပါလိမ့်မယ်နော်။ 
                                🍀 ကိုယ် အထူးပြုယူထားတဲ့ဘာသာရပ်အပြင် လက်တွေ့မှာ အသုံးဝင်မည့် သင်တန်းတစ်ခုခု သင်ယူထားပါ။
                                အဲတာအပြင် လိုအပ်တဲ့ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနဲ့ ကိုယ်က နိုင်ငံခြားမှာပညာသင်နေတယ်ဆို
                                အဲ့နိုင််ငံရဲ့ဘာသာစကားကို ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်၊ ပြောတတ်အောင် သင်ယူထားပါ။
                                Technical skills တွေကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်အောင် သင်ယူပါ။ 
                                🍀 တစ်ခုခုကို စတင်လုပ်ဆောင်ဖို့မကြောက်ပါနဲ့။ ဒါတွေဟာ အနာဂါတ် ကိုယ်လုပ်ငန်းခွင်ထဲ
                                ရောက်တဲ့အခါ ရောက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ကိုယ်ကြုံတွေ့လာမယ် အခက်အခဲတွေအတွက်
                                ပြင်ဆင်ပြီးသားဖြစ်နေမှာပါ။ တာဝန်ယူမှု တာဝန်ခံမှုကို ကောင်းကောင်းနားလည်ပြီး
                                ကိုယ်ကိုယ်တိုင် လေ့ကျင့်ထားပြီးထား ဖြစ်မှာပါ။
                                🍀 ကိုယ့်ကို နည်းပေးလမ်းပြကောင်း ဖြစ်စေမယ့ ဆရာသမားကောင်းများကို ရှာဖွေပါ ။
                                ကိုယ်စိတ်အားထက်သန်တဲ့ ပညာရပ်နယ်ပယ်အတွက် ဆရာတွေနဲ့ ဆွေးနွေးပါ၊ တိုင်ပင်ပါ၊
                                အကြံဉာဏ်ကောင်းများရယူပါ။
                                🍀အခွင့်အရေးရရင် ခရီးတွေ ထွက်ကြည့်ပါ။ သူငယ်ချင်းတွေနဲ့ ခရီးသွားပြီး လမ်းမှာ ဘဝအကြောင်း
                                အလုပ်အကြောင်းတွေ ပေါ့ပေါ့ပါးပါးဆွေးနွေးစကားပြော လုပ်ကြည့်ပါ။ ခရီးတွေကနေ လူတွေရဲ့
                                ယဉ်ကျေးမှု ဓလေ့စရိုက်တွေကိုလေ့လာပါ ၊ ဘယ်နေရာရောက်ရောက် နေသားကျအောင် ကျင့်ယူပါ။
                                🍀 တက္ကသိုလ် တက်နေစဉ်အတွင်း အလုပ်အတွေ့အကြုံ ရအောင်ကြိုးစားယူပါ။
                                ကိုယ်လုပ်နိုင်တဲ့အလုပ်ကို နယ်ပယ်မျိုးစုံနေ လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ ဒါမှ
                                ကိုယ်ဘာလုပ်ရတာကြိုက်လဲ၊ ကိုယ်ရဲ့ အားနည်းချက် အားသာချက်ကို သိရှိပြီး ကိုယ်နဲ့ကိုက်ညီတဲ့
                                Career ကို ရွေးချယ်လာနိုင် လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။
                                🍀 နောက်ဆုံး တစ်ခုကနေတော့ Volunteering အလုပ်တွေ ဝင်လုပ်ပါ ။ အဲဒီအတွေ့အကြုံတွေကနေ
                                ကိုယ်အပြင် တစ်ခြားသူတွေအတွက် မျှဝေခံစား တတ်ရုံသာမက အသင်းအဖွဲ့နဲ့ လုပ်တက်တဲ့အကျင့်၊
                                တာဝန်ခံ တာဝန်ယူမှုနဲ့ လူမှုကျင့်ဝတ်တွေကို သိရှိနားလည် သင်ယူလာနိုင်မှာဖြစ်ပါတယ်။
                            
Education Consultant နှင့် အချိန်အောက်တွင် Book လုပ်ပေးပါ